Posted by : Unknown Wednesday, January 29, 2014


 US$2.3 Billion နဲ့ Lenovo ကို ရောင်းချလိုက်တဲ့ IBM ရဲ့ x86 Server Business
IBM ဟာ သူ့ရဲ့ x86 server business ကို US$2.3 billion နဲ့ Lenovo ကို ရောင်းချမယ်လို့ သဘောတူခဲ့ပါတယ်။ IBM ဟာ ဒီလိုမျိုး ရောင်းချလိုက်တဲ့အတွက် server business က ထွက်ခွာသွားမှာတော့ မဟုတ်ပါဘူး။ သူ့မှာ high-endservers တွေ ဖြစ်တဲ့ Power Systems, Power-based Flex machines နဲ့ System z mainframes စတဲ့ business တွေရှိနေပါသေးတယ်။
ဒါ့အပြင် IBM ဟာ သူ့ရဲ့ storage နဲ့ cloud solutions တွေကိုလည်း Hign-end servers တွေနဲ့အတူ ပွဲထုတ်ဦးမှာ ဖြစ်ပါတယ်။
Lenovo ရဲ့ ပြောပြချက်အရ သူတို့ဟာ အောက်ပါ IBM ရဲ့ products တွေ နဲ့ services တွေကို ၀ယ်ယူလိုက်ပါတယ်လို့ သိရပါတယ်……
  • System x
  • BladeCenter
  • Flex System blade servers and switches
  • x86-based Flex integrated systems
  • NeXtScale
  • iDataPlex servers and associated software
  • blade networking and maintenance operations
ဒီ agreement ဟာ Lenovo နဲ့ IBM တို့ ရဲ့ အကျိုးစီးပွားကို ဘယ်လောက်အထိ အကျိုးပြုနိုင်မလဲ ဆိုတာကိုတော့ နောက်ထွက်လာမယ့် products တွေကို ကြည့်ပြီး အကဲခတ်ရမှာပဲ ဖြစ်ပါတယ်။
Wall Street Journal ရဲ့ ပြောပြချက်အရ ဒီ ဆုံးဖြတ်ချက်ဟာ United States ရဲ့ security agencies အပေါ်မှာ မူတည်ပြီး ထွက်ပေါ်လာတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း ကောလဟာလည်းဖြစ်နိုင်ပါသေးတယ်။ သေချာတာကတော့ company နှစ်ခုစလုံးဟာ United States ရဲ့ Foreign Investment မှာရှိတဲ့ Committee ရဲ့ clearance ကို လိုအပ်မှာ ဖြစ်ပါတယ်။
စာချုပ်စာတမ်း ကိစ္စတွေပြီးစီးသွားပြီဆိုရင်တော့ Lenovo ဟာ IBM ရဲ့ staff members 7500 လောက်ကို အလုပ်လုပ်နိုင်ဖို့အတွက် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။
ညာဘက်ထောင့်နားမှာရှိတဲ့ ကြောငြာတွေကို ၀င်ရောက်ကြည့်ရှု ပေးခြင်းဖြင့် ပြန်လည်ကူညီနိုင်ပါတယ်ဗျာ။  
nm a\

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -