Posted by : Unknown Friday, December 27, 2013

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လစဉ် ရောင်းချပေးလျက် ရှိသော တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်းကတ် များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ မှ အစပြု၍ သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ခွဲတမ်းစနစ် ဖြင့် ထပ်မံ ရောင်းချ ပေးလျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်းကတ် စုစုပေါင်း ၃ ဒသမ ၁၉ သန်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလမှ စ၍ ဇူလိုင်လ အထိ တစ်လလျှင် ဖုန်းကတ် ၃၅၀၀၀၀ ကိုလည်းကောင်း သြဂုတ်လမှ စ၍ နိုဝင်ဘာလ အထိ ဖုန်းကတ် ၃၆၀၀၀၀ ကိုလည်းကောင်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။ ယခု ဒီဇင်ဘာလ အတွက် ရောင်းချ ပေးသည့် တန်ဖိုးနည်း ဖုန်းကတ် အရေအတွက် မှာ ၃၅၀၀၀၀ ဖြစ်သည်။
" တန်ဖိုးနည်း ဖုန်းကတ် ကတော့ လစဉ် ရောင်းချ နေတာပါ ၊ ဒါပေမယ့် အခုထိ မပေါက်သေးဘူး ၊ ကျွန်တော်တို့ ရပ်ကွက်မှာ လူကြီး ကိုယ်တိုင် နှိုက်ပြီး မဲဖောက် ပေးတာပါ ၊ အပြင်မှာ ၀ယ်ဖို့ ကျတော့လည်း ဈေးက အရမ်းကြီးမြင့် နေတာ ဆိုတော့ မ၀ယ်နိုင် သေးပါဘူး ၊ ဒါ့အပြင် အခြား အော်ပရေတာ တွေကလည်း
အခုအချိန်ထိ ဆက်သွယ်ရေး ၀န်ဆောင်မှု တွေ မပေးနိုင် သေးတော့ မဲပေါက်ဖို့ မျှော်လင့်ရုံ ကလွဲပြီး ဘာမှ မတတ်နိုင်ဘူး .... " ဟု တွံတေး မြို့နယ်နေ ပြည်သူ တစ်ဦးက ပြောသည်။

ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုးတက်ရန် နှင့် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ အရေအတွက် မြင့်မား လာစေရန် ရည်ရွယ်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို အများပိုင် အဖြစ် ပြောင်းလဲ ဖွဲ့စည်း ထားရှိသော Myanmar Public Telecom Company က မိုဘိုင်းလ်ဖုန်း အရေအတွက် ၄ သန်း ၊ Yatanarpon Telecom Co., Ltd က မိုဘိုင်းလ်ဖုန်း အရေအတွက် ၄ သန်းနှင့် တကွ အခြား အော်ပရေတာ နှစ်ဦးမှ မိုဘိုင်းလ်ဖုန်း အရေအတွက် တစ်သန်းစီ ဖြင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း တိုးချဲ့ တပ်ဆင် ချထားပေး သွားမည် ဖြစ်သည်။ လက်ရှိ ကာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မိုဘိုင်းလ်ဖုန်း အရေအတွက် ၆ ဒသမ ၉၉ သန်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း တယ်လီဖုန်း သိပ်သည်းဆ ၂၇ ရာခိုင်နှုန်း အထိ ရောက်ရှိ လာရန် မျှော်မှန်း ထားရှိသည်။ ၂၀၁၃ ခု ဧပြီက အစပြု၍ ရောင်းချ ပေးခဲ့သော တန်ဖိုးနည်း ဖုန်းကတ် အရေအတွက် ၃ ဒသမ ၁၉ သန်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သော်လည်း မိုဘိုင်းလ်ဖုန်း မှောင်ခို ဈေးကွက် များကြောင့် သုံးစွဲနိုင်သူ အရေအတွက် နည်းပါးလျက် ရှိကြောင်း ဖုန်းဈေးကွက် များထံမှ သိရှိသည်။
Ref; mawady

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -