Tuesday, January 21, 2014

ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် application ငါးမျိုး


  မိုဘိုင်းဖုန်းကို သွားလေရာသယ်ဆောင်နေရတဲ့ ဒီနေ့ခေတ်မှာ ဒီ apps လေးတွေကို ဖုန်းထဲ ထည့်ထားမယ် ဆိုရင် ကျန်းမာရေးအတွက် တကူတက အချိန်ပေးနေစရာ မလိုတော့ပါဘူး။ လွယ်ကူပြီး အသုံးတည့်တဲ့ ဒီ Apps လေးတွေကို သင့်ရဲ့ ဖုန်းထဲမှာ နေရာယူထားတဲ့ Games apps အချို့နဲ့ အစားထိုးပေးလိုက်ပါ။
(၁)     Daily Burn
          သင့်ရဲ့ trainer အသစ်နဲ့တွေ့ဆုံပါ။ Daily Burn မှာ Sign Up လုပ်ပြီး ရာပေါင်းများစွာသော လေ့ကျင့်ခန်းလုပ်နည်းတွေကို လေ့လာနိုင်ပါတယ်။ ဘောက်စင်ကနေပြီး ယောဂလိုမျိုး လေ့ကျင့်ခန်းတွေအထိ အမျိုးအစားစုံလင်စွာရှိပြီး အိမ်ထဲက အိမ်ပြင်မထွက်ပဲ လေ့ကျင့်နိုင်ပါပြီ။ ဒီနေ့အတွက် သင်ပြုလုပ်လိုတဲ့ လေ့ကျင့်ခန်းတစ်ခုကို ရွေးချယ်လိုက်တာနဲ့ လုပ်နည်းနဲ့တကွ သင့်ရဲ့ဖုန်း ၊ iPad ဒါမှမဟုတ် ကွန်ပျူတာမှာ ပေါ်လာမှာဖြစ်ပါတယ်။
(၂)     Fooducate
          ဒီ app ကတော့ အလွန်လန်းပါတယ်။ စတိုးဆိုင်တစ်ခုသွားရင် ဒီapp ကိုဖွင့်ထားလိုက်ပါ။ ဒီ appက အမျိုးအမည်တွေကို ခွဲခြားပြီး scan ဖတ်ပြီးတာနဲ့တစ်ပြိုင်နက် ဘယ် အစားအစာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ် ၊ မညီညွတ်ဘူးဆိုတာတွေကို အဆင့်အတန်းခွဲခြားပြီး ပြသပေးပါလိမ့်မယ်။ ဒါကို free ရယူနိုင်ပါတယ်။
(၃)     Gym Pact
          ဒါကတော့ သင့်ကို Gym သွားဖို့အတွက် တွန်းအားပေးတဲ့ app တစ်ခုပါ။ အရင်ဆုံး တစ်ပါတ်မှာ Gym ကိုဘယ်နှကြိမ်သွားမယ်လို့ သင်က ၀န်ခံထားရပါမယ်။ အကယ်လို့ သင်ပြောထားတဲ့အတိုင်း မသွားဖြစ်ခဲ့ရင် သင့်ရဲ့ ဘဏ်စာရင်းထဲကနေ ဒီ app က ပိုက်ဆံဖြတ်မှာဖြစ်ပြီး သွားဖြစ်ခဲ့တဲ့အကြိမ်တိုင်းမှာတော့ သင့်ကို ဒေါ်လာ ၁၀ ပေးမှာဖြစ်ပါတယ်။ သင့်ဖုန်းရဲ့ GPS ကို ခြေရာခံပြီးဆုံးဖြတ်မှာဖြစ်လို့ ညာလို့တော့ မရပါဘူး။
(၄)     WaterLogged
          သင်ဟာ ရေလုံလုံလောက်လောက် သောက်ရဲ့လား။ ရေဆိုတာ ကျန်းမာရေး ၊ ဆံပင်နဲ့ အသားအရေ အတွက် အကောင်းဆုံးဆေးတစ်လက်ပါ။ ဒီ app က သင့်ရဲ့ တစ်နေ့တာရေသောက်နှုန်း သတ်မှတ်ထားတဲ့ စံနှုန်းကို ရောက်မရောက် ခြေရာခံမှာပါ။ တကယ်လို့များ ဒီတစ်နေ့တာ သောက်ဖို့ သတ်မှတ်ထားတဲ့နှုန်းထက် အင်မတန်နည်းနေရင် သင်ဟာ အန္တရာယ်ရှိ အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း notification ပေးမှာပဲဖြစ်ပါတယ်။
(၅)     Map My Run
          သင့်ဖုန်းရဲ့ GPS ကို အသုံးပြုရမှာပါ။ ဒီ app က သင့်ရဲ့ လေ့ကျင့်ခန်းကို အသေးစိတ် record လုပ်ထားပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်တဲ့ သက်တမ်း ၊ နှုန်း ၊ ကယ်လိုရီ လောင်ကျွမ်းမှုနှုန်း အစရှိတာတွေကို မှတ်ထားမှာဖြစ်ပြီး နောက်တစ်နေ့မှာတော့ သင့်ရဲ့ လေ့ကျင့်ခန်းလုပ်တဲ့နှုန်းကို ဒီ့ထက်ပိုပြီး တိုးမြှင့်နိုင်အောင် ဖော်ပြပေးမှာဖြစ်ပါတယ်။
          ဒီ apps လေးတွေ ဖုန်းထဲထည့်ထားရင်တော့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး လေ့ကျင့်ခန်းမလုပ်ဖြစ်မှာ မပူရတော့ဘူးပေါ့။
Ref:seventeen

No comments:

Post a Comment

Note: Only a member of this blog may post a comment.