(၁) အရဟံ
ကိလေသာအပူကင်း၍ ပူဇော်အထူးကိုခံထိုက်သောမြတ်စွာဘုရား။
(၂)သမ္မာသမ္ဗုဒ္ဓေါ
သစ္စာလေးပါးမြတ်တရားကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့်ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် ဝိဇ္ဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော် မူသောမြတ်စွာဘုရား။
(၄) သုဂတော
ကောင်းသော စကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။
(၅) လောက၀ိဒူ
သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော
မြတ်စွာဘုရား။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ
မယဉ်ကျေးသေးသော လူ နတ်ဗြဟ္မာ တိရစ္ဆာန်သတ္တဝါတို့ကို တုတ်ဓားမပြ တရားချ၍ ယဉ်ကျေးအောင်
ဆုံးမတော်မူနှိုင်သော မြတ်စွာဘုရား။
(၇) သတ္ထာဒေ၀မနုဿာနံ
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
(၈) ဗုဒ္ဓေါ
သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်လည်းသိ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောပြတော်မူ
သော မြတ်စွာဘုရား။
(၉) ဘဂ၀ါ
ဘုန်းတော်ခြောက်စုံ ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓဘာသာ အခြေခံ အသိ၊ ဗဟုသုတရစေလိုသော ဆန္ဒဖြင့် ဗဟုသုအဖြစ် မျှဝေခြင်းဖြစ်ပါတယ်..

No comments:
Post a Comment
Note: Only a member of this blog may post a comment.