Posted by : Unknown Friday, January 10, 2014


LG Electronics Company မှ L Series II စမတ်ဖုန်းတိုင်းမှာ လက်နဲ့ ခေါက်ပြီး ဖွင့်ပိတ်လုပ်တဲ့ စနစ်ကို ထည့်သွင်းတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ယင်း Knock Function ကို ပထမဆုံး LG G2 မှာစတင်ထည့်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ နောက်တော့ LG G Flex စမတ်ဖုန်း အပျော့နဲ့ LG G Pad 8.3 Tablet တို့မှာလည်း ထည့်သွင်းပေးခဲ့ ပါတယ်။ မျက်နှာပြင် တစ်ခုလုံးကို Power Button အနေနဲ့ ပြောင်းလဲပေးခဲ့တဲ့ နည်းပညာ ဖြစ်ပြီး လက်ညိုးနဲ့ ၂ ချက်လောက် အသာလေး ခေါက်ရုံနဲ့ screen ပွင့်လာမှာ ဖြစ်ပါတယ်။ LG ရဲ့  ပထမဆုံး အိုင်ဒီယာဖြစ်ပြီးလူစိတ်ဝင်စားမှု့များခဲ့သောFeatureတစ်ခုဖြစ်ပါတယ်။ LG's electronic ရဲ့  Mobile Communication လုပ်ငန်း ဥက္ကဌ Jong-seok Park ကိုယ်တိုင် လည်း ယင်းနည်းပညာကိုLGနောက်ထွက်LSeriesIIစမတ်ဖုန်းမှာထည့်သွင်းမှာဖြစ်ကြောင်းတရားဝင်ပြောကြားခဲ့ပါတယ်။ LG Optimus L Seires II ဖုန်းများအနေနဲ့ L3 II, L5 II, L7 II အစရှိသော ဖုန်းများ ၂၀၁၄ မှာထွက်ရှိလာမှာဖြစ်ကြောင်းသိရပါတယ်။  
Aung Heine ( www.smart.com.mm )

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -