Posted by : Unknown Thursday, November 27, 2014

ဖုန်းခေါ်ဆိုခနှုန်းထားများ ကွာဟမှုမရှိစေရန် အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးများ သတ်မှတ်ထားကြောင်း ဆက်သွယ်ရေး
ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။

“ဈေးနှုန်းကွာဟမှု မရှိအောင်ဆိုတာက ကျွန်တော်တို့ Regulator ကတော့ အမြင့်ဆုံးရယ် အနိမ့်ဆုံးရယ် သတ်မှတ်
တယ်။ အဲဒီဟာကိုပဲ ကျွန်တော်တို့ Regulate လုပ်တယ်။ သူတို့ကို ဈေးနှုန်းချဖို့လည်း ကျွန်တော် တို့က Regulate 
(သတ်မှတ်) မလုပ်ဘူး။ မြှင့်ဖို့လည်း Regulate မလုပ်ဘူး။ သူတို့ရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုပဲ” ဟု ဦးသန်းထွန်းအောင်
က ပြောသည်။

လက်ရှိတွင် ဖုန်းခေါ်ဆိုခ နှုန်းထားများနှင့် ပတ်သက်၍ ပြောကြားခြင်းဖြစ်သည် ဖုန်းခေါ်ဆိုခ နှုန်းထားများအား နှိုင်း
ယှဉ်ပါက ပြည်ပအော်ပရေတာ နှစ်ခုထက် ပြည်တွင်းအော်ပရေတာ MPT ၏ ခေါ်ဆိုနှုန်း ထား မြင့်လျက် ရှိသည်။

“ဥပမာ ပြောမယ် ဆိုလို့ ရှိရင် အခုအော်ပရေတာ သုံးယောက် ရှိပြီ။ MPT က များနေလို့ မသုံးဘူး ဆိုရင် သူ့ဆီက 
Customer တွေ သူများဆီရောက်သွားမှာပေါ့။ အဲဒါကြောင့်မို့ MPT ကလည်း ဈေးကွက် ပြိုင်ဆိုင်မှု Demand အ
ရ ဈေးချဖို့ပြင်နေပါတယ်” ဟု သုံးသပ်ပြောကြားသည်။

Internet Journal မှ ကူးယူ မျှ ဝေသည်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -